၁)
တစ်ညနေမှာ မိသားစုတစ်စု ထမင်းဝိုင်းဖွဲ့စားနေခဲ့တယ်။ ထမင်းဝိုင်းမှာ သားက ဝက်အူချောင်းကြော်ကို လက်ညှိုးထိုးပြီး "နိုင်ငံခြားမှာ စက်တစ်မျိုးထီထွင်လိုက်ပြီလို့ သိရတယ်။ အဲဒီစက်က ဘယ်လောက်ထိ ခေတ်မီသလဲဆို ဒီဖက်ကနေ ဝက်အရှင်တစ်ကောင် ထည့်လိုက်ရင် စက်ဟိုဖက်မှာ ဝက်အူချောင်းတွေ ထွက်ကျလာရောတဲ့... တကယ်လို့ ဒီဖက်ကနေ ဝက်အူချောင်းထည့်လိုက်လို့ ဟိုဖက်ကဝက်အရှင် ပြန်ထွက်လာရင် ပိုမိုက်မယ်လို့ သားထင်တယ်"
အဲဒီမှာ အဖေဖြစ်သူက ဝင်ဟန့်လိုက်တယ်။
"ဒါဘာများဆန်းသလဲ! နင့်အမေက ရယ်ဒီမိတ်စက်ပဲလေ။ ငါဒီဖက်ကနေ ဝက်အူချောင်းထည့်လိုက်တာ ငတုံးငအ ဝက်တစ်ကောင် မင်းထွက်လာခဲ့ပြီမဟုတ်လား"
၂)
စိတ္တဇအထူးကု ဆေးရုံမှာ ဆော့ဝဲလ်အင်ဂျင်နီယာသုံးဦး ရောက်နေခဲ့တယ်။ အဲဒီအင်ဂျင်နီယာတွေက ကွန်ပြူတာနဲ့ နေ့ရောညပါ အလုပ်လုပ်ခဲ့ရလို့ စိတ်ကယောင်ကချားဖြစ်ပြီး နောက်ဆုံးမှာ စိတ်မနှံ့တဲ့အဆင့်ကို ရောက်သွားခဲ့လို့ ဆေးရုံရောက်လာတာဖြစ်တယ်။
တစ်နေ့မှာ ဆရာဝန်က လူနာတွေကို လှည့်လည်စစ်ဆေးတော့ လေယာဉ်မှူးအင်္ကျီဝတ်ထားတဲ့ အင်ဂျင်နီယာလူနာကို တွေ့လိုက်တယ်။
"မင်း ဘယ်သူလဲ?"
"ကျွန်တော်လေယာဉ်မှူးပါ" အင်ဂျင်နီယာက ဖြေပြီး ကွန်ပြူတာရှေ့မှာ ပျံတဲ့အပြုအမှုမျိုး သွားလုပ်နေခဲ့တယ်။
ဆရာဝန်ကဆက်ပြီး အဝတ်ကြောင်ကြောင်ကျားကျား ဝတ်ထားတဲ့ အင်ဂျင်နီယာကို တွေ့ပြန်တယ်။
"မင်း ဘယ်သူလဲ?"
"ကျွန်တော် မော်ဒယ်ပါ" အင်ဂျင်နီယာက သူ့နေရာသွားပြီး အမှုအရာအမျိုးမျိုး လုပ်နေခဲ့တယ်။
ဆရာဝန်က ဝတ်စုံဖြူဝတ်ပြီး၊ မုတ်ဆိတ်ရိုက်ဓား ကိုင်ထားတဲ့ နောက်ဆုံးအင်ဂျင်နီယာကို တွေ့လို့မေးလိုက်ပြန်တယ်။
"မင်း ဘယ်သူလဲ?"
"ရှူး... တိုးတိုး... ကျွန်တော်လက်တွေ့ခွဲစိတ်နေတဲ့ အကောင်ကို မလန့်မစနဲ့" လူနာက ပြောပြောဆိုဆို လှောင်ထားတဲ့ မောက့်စ်(mouse) ဂရုတစိုက်ထုတ်လာခဲ့တယ်။
၃)
သားက ညတိုင်း မေမေနဲ့အိပ်တော့ မေမေက "သား ကြီးလာလို့ မိန်းမယူရင်ကော မေမေနဲ့ပဲအိပ်မလား!"
"မေမေနဲ့ပဲ အိပ်မှာပေါ့"
"ဒီလိုဆိုရင် မေမေ့ချွေးမ ဘယ်လိုလုပ်မလဲ"
"ဖေဖေနဲ့ အိပ်ခိုင်းလိုက်မယ်"
ဖေဖေက သားစကားကို ဝင်ထောက်တယ် "အင်း.. ဒီကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ သိတတ်လိုက်တာ"
No comments:
Post a Comment