Wednesday, September 1, 2010

ဟာသလေးများ

ယာဉ်နံပါတ်နဲ့ ရင်နံပါတ်
“ဟဲလို ဟဲလို ကျမကို ကူညီပါရှင်
ပလာဇာမှာဈေးဝယ်ပြီး တက္ကစီနဲ့ အိမ်ကို
ပြန်လာတာ ကားပေါ်မှာ အ၀တ်အစားတွေ
ပါသွားလို့ အင်္ကျီတွေက တထည်ကို သုံးသောင်း
လောက်တောင် တန်တယ်ရှင့်”
“ဟုတ်ကဲ့ ကူညီပြီးရှာပေးပါ့မယ်
ဒါ့ထက် ယာဉ်နံပါတ် မသိရဘူးလား ခင်ဗျာ”
“သိပါတယ်ရှင် ရင်၃၆ ၊ ခါး၂၂ ၊ တင် ၃၈
ရှိပါတယ်ရှင်”။

အာဂယောက္မ
“ဟင်.....ခိုးရာလိုက်တယ်လည်းဆိုသေး
ဘာမှလည်းယူမလာပါလား ”
“ဒီည တစ်ညတည်းပဲ ကိုကိုရယ် ဘာယူရ
ဦးမှာလဲ ။မေမေက မှာလိုက်တယ် ခိုးပြေးတယ်ဆို
တာ စတိလောက်ဆိုတော်ရော့ပေါ့တဲ့ မနက်ကျရင်
နှစ်ယောက်စလုံး စောစော ပြန်လာကြတဲ့ ကိုကို့
ကို ခိုင်းစရာရှိတယ်တဲ့ ”။

ဘယ်သူ့လက်ချက်လဲ
“တောက်....နာသကွာ ရုပ်ရှင်ရုံထဲမှာ
ဒီလောက် မီးပျက်မယ်မှန်း သိရင် အချစ်ရဲ့
မျက်နှာလေးကို တ၀ကြီး နမ်းပစ်တာပေါ့
အခုတော့ မီးကပြန်လာနေပြီ”
“ဟင်....ဒါဖြင့် မီးပျက်တုန်းက နမ်းတာ
ကိုကို မဟုတ်ဘူးပေါ့နော် ။”

ကင်မရာ မ၀ယ်နိုင်သူမို့
“ဟိုလူကြီးဟာ ကန်တော်ကြီးစောင်းမှာထိုင်ပြီး
ပုံဆွဲနေတာဘာလုပ်ဖို့လည်း ဖေဖေ”
“အဲဒါ ရှုမျှော်ခင်းပုံကို ပန်းချီဆွဲနေတာ သားရဲ့
ကင်မရာမ၀ယ်နိုင်တော့လည်း ခုလိုပဲ အပင်ပန်း
ခံရတာပေါ့သားရယ် ။”

No comments:

Post a Comment